ခမောက်ကြီး ဩဂုတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမ ခင်စောတင့် ရေးသားထားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃(ပြ) ဒေါ်ရူပါမြင့်က လူငယ်များအနေဖြင့် စာဖတ်ခြင်းအလေ့အထဖြစ်ရန်နှင့် စာပေမှလေ့လာသိရှိနိုင်သည့်အကြောင်းအရာများအား မှတ်သားလိုက်နာရန် လိုအပ်ကြောင်းနှင့် ယခုကဲ့သို့စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် မအေးသက်မွန်က စွန့်စားမှုဆီသို့ခြေတစ်လှမ်းများခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး Book Club အဖွဲ့ဝင် မောင်ကောင်းမြတ်ထွဋ်က လမ်းလျှောက်ထွက်ကြမယ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင်မောင်ညီညီဆက်က မျှော်လင့်ချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခိုင်ဖူးဝေက စိတ်ကျရောဂါဆိုတာဒီလိုပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသွယ်သွယ်မြင့်ကျော်က ကျော်ကြားမှုအတွက် ပေးဆပ်ရခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် အသင်းဝင်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့၏အတွေးအမြင်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခမောက်ကြီး (ပြန်/ဆက်)