ရွှေသောင်ယံမြို့ ကမ်းခြေဝါဆိုဖလားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများကျင်းပ

ရွှေသောင်ယံ ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့နံနက်(၁၂)နာရီအချိန်က ကမ်းခြေဝါဆိုဖလားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကိုကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင်ယှဉ်ပြိုင် ကစားကြမည့် အသင်းသားများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ ဒိုင်လူကြီးများ၊ အရံဒိုင်များ၊ ပရိသတ်များစုံညီစွာတက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။

အဆိုပါ ကမ်းခြေဝါဆိုဖလားဖိတ်ခေါ်ပြိုင်ပွဲတွင် အသင်း(၈)သင်းယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ချောင်းသာမှ(၄)သင်း၊ရွှေသောင်ယံမှ(၄)သင်း တို့မှယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း၊ ယနေ့ကွင်းဖွင့်ပွဲနေ့တွင် ရွှေသောင်ယံဟိုတယ်ဇုန်အသင်းနှင့် သပေါ့ကန်ကျေးရွာ အုပ်စုအသင်းတို့ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်းသိရသည်။

ဖွင့်ပွဲတွင် တာဝန်ရှိသူများမှ ဘောလုံးပြိင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်ကျေးဇူးတင် စကားများပြောကြားကာ အားကစားသမားများမှသစ္စာအဓိဋ္ဌာန်(၄) ချက် အားရွတ်ဆို၍ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)