ကော့သောင်း ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်အသိပညာပေးနံရံကပ်ပြပွဲ၊ စာအုပ်၊စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက်ပိုင်းက နဝရတ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်နှင့်" ရေချွေတာ သုံးစွဲရေးနှင့်တောင်ယာများ ခုတ်ထွင်မီးရှို့မှုများမပြုလုပ်ရေး" လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူများက ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး နံရံကပ်ပြဘုတ်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ်များ၊ သုတ၊ ရသစာအုပ်၊ စာစောင်များအား စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)