လိပ်သိုမြို့တွင် “ဟာရွန်ကုလားဉ” ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှု ယခင်ထက်တိုးပွားလာ

လိပ်သို ဩဂုတ်  ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင်နေထိုင်သော ပြည်သူများမှာ ဒေသအခေါ် “ ဟာရွန်ကုလားဉ” အပင်မျိုးကို မိသားစု စားသုံးရန်အတွက်သာ စိုက်ပျိုလာခဲ့ကြရာမှ ယခုနှစ်ခါ အပိုဝင်ငွေရရှိရန် အိမ်ခြံဝင်းများအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး လာလျက်ရှိကြကြောင်း သိရသည်။

ဟာရွန်ကုလားဉများကို ဒေသနေပြည်သူများ နှစ်သက်စားသုံးသူများ တိုးပွားလာလျက်ရှိခြင်းကြောင့်  အိမ်ခြံဝင်းအတွင်း မြေနေရာရှိသူများက ပိုမိုတိုးချဲ့စိုက်ပျိုးလာလျက်ရှိကြပြီး စီးပွားဖြစ် စိုက်ပျိုးလိုသူများက လာမည့်နှစ်များတွင် တောင်ယာခုတ်ထွင်စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မျိုးဉ လုံလောက်စွာရရှိရေး စုဆောင်းလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ် စိုက်ပျိုးလိုသူများထံမှ မျိုးဉများစုဆောင်းဝယ်ယူနိုင်ရန် ကြိုတင်မှာကြားထားပြီး တူးဖော်ချိန်တွင် ရနိုင်သမျှဝယ်ယူမည်ဖြစ် ကြောင်း၊ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် ရောင်းချမည့် တောင်သူတစ်ဦး ထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)