ဇီးကုန်းမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ဇီးကုန်း ဩဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးတိရိစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် အဖြစ်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် နယ်မြေခံ ကျန်းမာရေးလုပ်သား ( CAHW)များ ပါဝင်သောအဖွဲ့များက ကျေးရွာများသို့ကွင်းဆင်း၍ ခွာနာကျရောဂါ၊ အရေပြားအကျိတ်နာရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါ စသည့်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောခြင်း၊ ရောဂါစူးစမ်း ထောက်လှမ်းခြင်း၊ အင်းဆက်ပိုးမွှား နှိမ်နင်းခြင်း၊ ဇီဝလုံခြုံမှု မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးထံမှ သိရသည်။

တင့်ဆွေ (ပြန်/ဆက်)