လပွတ္တာ သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ ခရိုင်အဆင့်(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ရွေးနဒီခန်းမ၌ ကျင်းပသည်။
အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက် ၍ ကျောင်းသား၊ ကျောင်းသူများက အဆို၊ အက၊ အတီးကို မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေး၊ အက၊ ကဗျာလွတ်၊ ကွက်စိတ်၊ ပတ္တလား၊ စန္ဒယား၊ တယော၊ နှဲ၊ ဆိုင်းဝိုင်းကြီး၊ အိုးစည်၊ ဒိုးပတ် စသည့်ဘာသာရပ်အလိုက် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် အဆို၊ အက၊ အတီး ဘာသာရပ်များ၌ အဆင့်အလိုက် ဆုရရှိသူများအား ခရိုင်ဥက္ကဋ္ဌ၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်