ဘုတ်ပြင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပ‌ဒေအား အသိပညာပေးဟောပြော

ဘုတ်ပြင်း ဩဂုတ် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို မိဘအုပ်ထိန်းသူများအနေဖြင့် သိရှိနိုင်ပြီး ကျရောက်နိုင်သည့်အန္တရာယ်များအား  ကြိုတင်ကာကွယ် ရှောင်ရှားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့မွန်းလွဲအချိန်က အောင်မင်္ဂလာရပ်ကွက်ရှိ ဓမ္မဝိဇယပရိယတ္တိစာသင်တိုက်  ရွှေရတနာကျောင်းဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက မိဘအုပ်ထိန်းသူများအနေဖြင့် ကလေးငယ်များအား ပြုစုပျိုးထောင် ကာကွယ်စောင့်ရှောက်ရာတွင်လည်း ကလေးသူငယ်အခွင့်အရေးကိုလည်း ကလေးသူငယ်ကိုယ်တိုင် အပြည့်အဝရရှိစေရန် ထိန်းသိမ်းစောင့်ရှောက်မှု နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က ကလေးသူငယ်အခွင့်အရေး(၄)ရပ်ဖြစ်သည့်  အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အကာအကွယ်ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသည့် ကလေးသူငယ်အခွင့်အရေးများကိုလည်ကောင်း၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်တင်မို့မို့ခိုင်က ကလေးသူငယ်များအား လူကုန်မှုဖြစ်စေနိုင်သည့်အကြောင်းအရာများနှင့် လူကုန်ကူးမှုတာဆီးကာကွယ်ရေး အကြောင်းအရာများကိုလည်ကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးကိုလည်းကောင်း  ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန် အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသူများမှ သိလိုသည့်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထိုနောက်အသိပညာပေး ဟောပြောပွဲတက်ရောက်လာကြသည့် မိဘအုပ်ထိန်းသူများ၊ ရပ်ကွက်နေပြည်သူများက ခင်းကျင်းပြသထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ ကြကြောင်း သိရသည်။

မြို့နယ်