ညောင်လေးပင်မြို့နယ်တွင် မြို့နယ်အဆင့် ဆို−က−ရေး−တီး ပြိုင်ပွဲကျင်းပပြုလုပ်

ညောင်လေးပင် ဩဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌  မြို့နယ်အဆင့် ဆို−က−ရေး−တီးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက  ကျင်းပခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဇော်မင်းယုမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ဧည်ခံဖျော်ဖြေရေးအစီအစဥ်များဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း ကျောင်းသား၊ ကျောင်းသူများမှ ကာလပေါ်တေးသီချင်းများ၊ အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်သားများက ကာလပေါ်သီချင်းများဖြင့်လည်းကောင်း အသီးသီးယှဥ်ပြိုင်ခဲ့ကြသည်။

အဆိုပါ  မြို့နယ်အဆင့် ဆို−က−ရေး−တီး ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျောင်းအုပ်၊ ဆရာ​ကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ စုံညီစွာတက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)