ဧရာဝတီတိုင်းသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ ဟင်္သာတမြို့ ဖောင်ဆိပ်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုအခြေအနေ အား ကြည့်ရှုစစ်ဆေး

ဟင်္သာတ    ဩဂုတ်   ၂၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း နှင့်တာဝန်ရှိသူများသည် ဩဂုတ် ၂၇ ရက်နေ့ နေ့လည်ပိုင်းက ဟင်္သာတမြို့၊ ဆကာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းမရှိသူများအား ကွင်းဆင်းကောက်ယူနေမှု အခြေအနေအား လာရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တိုင်းဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးတို့မှ လူဦးရေစာရင်း ကောက်ယူမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စာရင်းကောက်ယူမှုများ မှန်ကန်စေရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေး နိုင်စေရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဧရာဝတ်ီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာတွင်ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနတိုင်းဦးစီးမှူး၊ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးတို့မှ မြစ်ကမ်းပါး ပြိုကျခဲ့မှုအခြေအနေများ၊ မြစ်လမ်းကြောင်း အခြေအနေများ၊ ဆက်လက်ဖြစ်ပေါ်လာနိုင် သည့်အခြေအနေများနှင့် ကမ်းပါးပြိုကျမှု ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကြည့်ရှုစစ်ဆေးကာ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံအားပေးစကားများ ပြောကြား ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)