စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း (စက္ကော့)တွင် ပညာသင်ကြားနေသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့လှူဒါန်းပေးအပ်ပွဲကျင်းပ

ညောင်တုန်း  ဩဂုတ်  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စက္ကော့အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း (စက္ကော့)တွင် ပညာသင်ကြားနေသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့လှူဒါန်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း (စက္ကော့) ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးတို့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့လှူဒါန်း‌ပေးသော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ပညာသင်ကြားရာတွင် ပိုမိုကြိုးစားအားထုတ်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာအုပ်ရေးအဖွဲ့၊ ကျောင်းကော်မတီနှင့် ကျေးရွာအတွင်းရှိ လုပ်ငန်းရှင်များ စုပေါင်း၍ ထောက်ပံလှူဒါန်းသည့် ထောက်ပံ့ငွေနှင့် ပစ္စည်းများအား တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း (စက္ကော့)တွင် ပညာသင်ကြားနေသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)