ညောင်လေးပင် ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက်(၉:၃၀)အချိန်က ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားဦးမှ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်(၇)ရပ်အားရှင်းလင်းပြောကြားပြီး ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်သော အကြောင်းအရာများအားဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသောကော်မတီဝင်များက အသီးသီးဆွေးနွေးခဲ့ကြပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဉီးခိုင်ထွန်းမှ နိဂုံးချုပ်စကားပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်