သံတောင်ကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရေးဆွဲနည်းနှင့် AVIP သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

သံတောင်ကြီး ဩဂုတ် ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း စီမံကိန်းရေးဆွဲနည်းနှင့် Annual  Village Investment Programme (AVIP)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်မှ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ‌ခေတ္တခရိုင် ဦးစီးမှူး ဦးနိုင်မင်းဆွေမှ သံတောင်ကြီးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးမှ သံတောင်ကြီးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက သင်တန်းသုံးသင် ထောက်ကူပစ္စည်းများ တက်ရောက်လာသည့် သင်တန်းသူ/သင်တန်းသားများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံကိန်းရေးဆွဲနည်းနှင့် AVID သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ကျေးရွာ(၇)ရွာမှ သင်တန်းသူ/ သင်တန်း သား (၁၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၈.၈.၂၀၂၃) ရက်နေ့မှ (၁.၉.၂၀၂၃)ရက်နေ့အထိ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ