ချောင်းသာမြို့ ဘုတ်ဆုံမ ပညာဒါနကျောင်းမှ Facility Quarantine (၁၄)ရက်ပြည့်ပြီး ပြန်ထွက်သူ (၂)ဦးကို ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ်ပေးအပ်

ချောင်းသာ   အောက်တိုဘာ   ၁၅

ချောင်းသာမြို့၊ ဘုတ်ဆုံမပညာဒါနကျောင်း Facility Quarantine Center တွင်ယနေ့ နံနက်()နာရီက Quarantine ဝင်ရောက်လျက်ရှိသော မအူပင်မြို့နယ်ပြန်()ဦးကို ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ(၁၄)ပြည့်မြောက်အောင် နေထိုင်ခဲ့သည့်အတွက် တာဝန်ရှိသူများမှ ကျန်းမာကြောင်း ထောက်ခံချက် လက်မှတ်ပေးအပ်ကာ နေအိမ်တွင် ပြန်လည်နေထိုင်ခွင့်ပြုပေးခဲ့သည်။

အဆိုပါကျန်းမာကြောင်း ထောက်ခံချက်လက်မှတ်ကို ချောင်းသာတိုက်နယ် ကျန်းမာ​​ရေးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် ချောင်းသာ မြို့အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ သွားရောက်ပေးအပ်ကာ Quarantine ထွက်သူ()ဦးကို မိမိအိမ်ပြန်ရောက်သည့် အခါတွင်လည်း အိမ်တွင်သာ()ရက် ဆက်လက် နေထိုင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမောင် (ပြန်/ဆက်)