မြင်းမူမြို့နယ်တွင် ချည်မျှင်ရှည်ဝါလျာထား (၂၁၉၃၉) ဧကကို ပြည့်မီစွာစိုက်ပျိုးခဲ့ပြီး ဝါစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းလျက်ရှိ

မြင်းမူ  ဩဂုတ်  ၂၈

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ယခုနှစ်အတွက် မိုးကြိုချည်မျှင်ရှည်ဝါလျာထားဧကကို ပြည်မီ အောင်စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိရာကြာ မကြာမီအချိန်တွင် ကောက်ယူ ရောင်းချရမည်ဖြစ်၍ ဝါစိုက်တောင်သူများက ဈေးကောင်းရရန်မျှော်လင့် နေကြောင်း သိရှိရသည်။

ဝါစိုက်ပျိုးရာတွင်(၁)ဧကအတွက် မျိုးစေ့၊ ထွန်ယက်ခ၊ လုပ်အားခနှင့် ဆေးဝါးအသုံးပြုကုန်ကျ စရိတ်အပါအဝင် ငွေကျပ်(၁၄၀၀၀၀)နီးပါး ကုန်ကျမှုရှိကြောင်း၊  စိုက်ပျိုးပြိး(၄) အကြာတွင် (မကြာမီ)စတင် ကောက်ယူရရှိတော့မည်ဖြစ်ပြီး အနည်းဆုံး(၅)ကြိမ်ထိ ကောက်ယူရရှိ နိုင်မည်ဖြစ်ရာ ဝါပိသာချိန်(၃၅၀) နှင့် (၄၀၀)ပိသာ အထိထွက်ရှိမည်ဖြစ်ကြောင်း၊ ယမန်နှစ်ဝါ ဈေးနှုန်းအနေဖြင့် (၁)ပိသာလျှင် (၁၈၀၀)ကျပ်မှ (၃၈၀၀)ကျပ်ဈေး အထိရောင်းချခဲ့ ရသည့် အတွက် ဝါစိုက်တောင်သူ များအဆင်ပြေခဲ့သည်ဖြစ်ရာ  ယခုနှစ်တွင်လည်းဈေး ကောင်းရန် မျှော်လင့်လျက်ရှိကြောင်းဝါစိုက်တောင်သူ ဦးဝင်းသိန်းထံမှသိရှိရသည်။ 

မြင်းမူမြို့နယ်အနေဖြင့်   ယခုနှစ်တွင်ချည်မျှင်ရှည်ဝါ (၂၁၉၃၉)ဧကစိုက်ပျိုးရန် လျှာထား ဆောင်ရွက်ခဲ့ရာ  ရာနှုန်းပြည့်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လိုအပ်သည့်မျိုးစေ့၊ နည်းပညာများနှင့်ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးကူညီပေးခဲ့ကြောင်းသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)