လှိုင်းဘွဲ သြဂုတ် ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့ တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာကို နှစ်စဉ်ကျင်းပ ဆောင်ရွက် ခဲ့ရာ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာ အထိမ်းအမှတ်အဖြစ် ဖူဆယ်ဘောလုံးပြိုင်ပွဲကို မဲသိမ်ကျေးရွာ၊ ဘထူးဖူဆယ် ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဦးစောဒူးမှ ဦးဆောင်၍ စီစဉ်ကျင်းပဆောင်ရွက်ပြီး လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များမှ ဘောလုံးဝါသနာရှင်များ၊ ကွမ်ဘီ၊ မဲသိမ်၊ ဖာပွန်၊ ဝင်းစိန် အနီးအနားရှိ ကျေးရွာများမှ ဘောလုံးဝါသနာရှင်များ ပါဝင်ပြီး စုပေါင်း ဖူဆယ်ဘောလုံး အသင်း(၁၅) သင်းဖြင့် ဩဂုတ်လ(၂၀)ရက်နေ့မှ ဩဂုတ်လ (၃၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)