ကန့်ဘလူမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

ကန့်ဘလူ ဩဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေ ဖြင့် မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဩဂုတ် ၁၅ ရက်မှ ၃၀ ရက်အထိ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါ၊ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ၊ ရောဂါစူးစမ်း ထောက်လှမ်းခြင်းလုပ်ငန်းများ၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ခြင်းလုပ်ငန်းများ၊ တိရစ္ဆာန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်လင်းနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက အုတ်ဖိုကျေးရွာတွင် ကျွဲ၊ နွား လည်ချောင်းကွဲ ရောဂါကာကွယ်ဆေး အကောင် ၂၅၀၊ အမှတ် (၅)ရပ်ကွက်ရှိ ကျွဲ၊နွားမွေးမြူ ရေးခြံများမှ အကောင် ၂၅၀၊ ကံကြီးကုန်းကျေးရွာတွင် ကျွဲ၊ နွား ဒေါင့်သန်းရောဂါ၊ ပေါင်ပုပ်လက် ပုပ်ရောဂါကာကွယ်ဆေး အကောင် ၂၅၀ တို့ကိုထိုးနှံပေးပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ကျွဲ၊နွား အရေးပြားအကျိတ်နာရောဂါ ထိန်းချုပ်ရေးအတွက် အင်းစက်ပိုးမွှားများအား ထိန်းချုပ်ရေး လုပ်ငန်းများဖြစ်သည့် မီးခိုးမှိုင်းတိုက်သရုပ်ပြ ဆောင်ရွက်ခြင်း၊ မှက်၊ ခြင်၊ ယင်၊ မွှားများ အန္တရာယ်မှ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ၊ အာဖရိကဝက်အ ပြင်းဖျားရောဂါ ဖြစ်ပွားမှု ရှိ/မရှိ စူးစမ်းထောက်လှမ်းခြင်း၊ ဇီဝလုံခြုံမှုမြှင့်တင် ဆောင်ရွက်နိုင်ရေးတို့အတွက် အကြံပြုဆွေးနွေးပြောကြား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)