စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် ဟင်္သာတမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ

ဟင်္သာတ    ဩဂုတ်   ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့်အဖွဲ့ သည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တိုင်း‌ဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဩဂုတ် ၂၇ ရက်နေ့ ညနေပိုင်းက ဟင်္သာတမြို့ နတ်မော်ကျေးရွာရှိ နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာရောစပ်ကြဲပက်ပွဲ အခမ်းအနားသို့ရောက်ရှိခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့၊ နတ်မော်ကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာရှိ  တောင်သူ ဦးလှစိုးပိုင်၊ ကွင်းအမှတ် (၁၅၁၅)၊ ဦးပိုင်အမှတ် (၂၉/၃)၊ ဧရိယာ (၃.၈၅)ဧကနှင့် တောင်သူ ဦးခိုင်စိုးအောင် ပိုင် ကွင်းအမှတ် (၁၅၁၅)၊ ဦးပိုင်အမှတ် (၂၉/၁)၊ ဧရိယာ (၂.၂၈)ဧကနှင့်ဦးပိုင်အမှတ် (၂၂/၁)၊ ဧရိယာ (၅.၉၈)တို့တွင် စိုက်ပျိုးထားသည့်နိုင်ငံစီးပွား ရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း နှင့်တစ်မိုးနှစ်သီးစိုက်ခင်းတို့တွင် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်ကြဲပက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဒေသခံတောင်သူများ၏ မိုးစပါး စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေများအား မေးမြန်း‌ဆွေးနွေးကာ မိမိတို့တောင်သူများသည် ခေတ်မှီနည်းပညာများကို အကျိုးရှိစွာဖြင့် အသုံးချတတ်ပြီး အထွက်နှုန်းများ ပိုမိုကောင်းမွန်လာအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ လိုအပ်သောသွင်းအားစုများ အသုံးပြုနည်းနှင့် စိုက်နည်းစနစ်များ၊ စိုက်ပျိုးရန်မျိုးကောင်း မျိုးသန့်ရရှိရေးတို့ကို သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနဝန်ထမ်းများနှင့်ချိတ်ဆက်ဆောင်ရွက်ကြစေလိုကြောင်းစသည်ဖြင့် တောင်သူများနှင့်တွေ့ဆုံ၍ရင်းရင်းနှီးနှီး အားပေးစကားများပြောကြား ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)(ဟင်္သာတ)