စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မိုးစပါးထွက်နှုန်းကောင်းမွန်စေ ရေး ကွင်းသရုပ်ပြပွဲတက်ရောက်၊ စူဌာမဏိကောင်းမှုတော် စေတီတော်ကြီးနှင့် ဆွမ်းဦးပုညရှင် သာသနာ့ဗိမာန်တော်ကြီး ပြုပြင်တည်ဆောက်နေမှုများ ကြည့်ရှု

မုံရွာ သြဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ များနှင့် တာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်း မြို့နယ်၊ ပဲကတိုးကျေးရွာတွင် ကျင်းပပြုလုပ်သော ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိုးကျ ရောနှောကြဲပတ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် ပိုးသတ် ဆေး များထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး/ခရိုင် စိုက်ပျိုးရေးဦးစီးမှူးများနှင့် တာဝန်ရှိသူများက ဓါတ်မြေ သြဇာနှင့် သဘာဝမြေသြဇာ အချိုးကျရောနှောကြဲပတ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့၊ စိုက်ပျိုးရေးသွင်း အားစုများနှင့် ပိုးသတ်ဆေးများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က  တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများအားလုံးတွင် စပါးကိုအဓိကထားပြီး ဆီထွက်သီးနှံအပါအဝင် အခြားသီးနှံ များကို သတ်မှတ်စိုက်ဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊နွေစပါးတစ်ဧက တင်းတစ်ရာကျော်ထွက်ရှိရေးနှင့် အခြားစိုက်ပျိုးသီးနှံများလည်း ပန်းတိုင် အထွက်နှုန်းရရှိရေးအား အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးတောင်သူ များအားလိုအပ်သည့် သွင်းအားစုများထည့်သွင်းနိုင်ရေး ပံ့ပိုးခြင်းနှင့် နည်းပညာပေးခြင်းများ ကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများကို ရာသီအချိန်မီအချိန်ကိုက် သတ်မှတ်ချက်များ နှင့်အညီ လျာထားချက်ပြည့်မီအောင်စိုက်ပျိုးခြင်းဖြင့် သီးနှံများအထွက်တိုးကာ တိုင်းဒေသကြီး ၏ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကို အားပေးကူညီလျက် ရှိပါကြောင်း   ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မိုးစပါးပန်တိုင်း အထွက် ရရှိရေး အတွက်စံပြကွက် ၁၀ ဧကအတွင်း သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာများအချိုးကျ ရောစပ်ခါ စုပေါင်းကြဲပက်နေမှုနှင့် သမန်းနိုးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဒေသခံတောင်သူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာရှိ ဒေသခံစိုက်ပျိုး ရေးတောင်သူများအား မျိုးစေ့၊စိုက်ပျိုး ရေးသွင်း အားစုများနှင့် ပိုးသတ်ဆေးများအား အသီးသီးထောက်ပံ့ပေး အပ်ကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စူဌာမဏိ ကောင်းမှုတော် စေတီတော်ကြီးသို့ ရောက်ရှိရာ ဂေါပကအဖွဲ့ဝင်များတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဂေါပကအဖွဲ့များသည် စေတီပုထိုးဘုရားကျောင်းကန်များအား မပျက်မစီးဘဲ ရေရှည်တည်တဲ့ခိုင်မြဲအောင် ထိန်းသိမ်းပေးရမှာဖြစ်သလို စေတီ ပုထိုးဘုရား ကျောင်းကန်များသို့ လာရောက်ဖူးမျှော်ဝတ်ပြုဆုတောင်းသူများ အဆင်ပြေစေရန်အတွက် လိုအပ်သည်များကို ဝန်ဆောင်မှုပေးရသူများ ဖြစ်ပါကြောင်း၊ စေတီပုထိုးများရေရှည် တည်တဲ့ရေးနှင့် ဘုရားဖူး လာသူများ အဆင်ပြေစွာဖြင့် ဖူးမျှော်နိုင်ရေးအတွက် ပြုပြင်မွမ်းမံ ထိန်းသိမ်းရန် လိုအပ်သော နေရာများအား သြဝါဒစရိယ ဆရာတော်ကြီးများ၏ ဦးဆောင်မှု အားခံယူ၍ ကျွမ်းကျင်းပညာ ရှင်များနှင့် တိုင်ပင်ကာ ကြည်ညိုသပ္ပါယ်ရေရှည် တည်တံ့ရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လည်း ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဂေါပကအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက စူဌာမဏိကောင်းမှုတော် စေတီတော်ကြီး ပြုပြင်မွမ်းမံထိန်းသိမ်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စူဌာမဏိကောင်း မှုတော် စေတီတော်ကြီး စေတီတော်ကြီးပတ်ဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် အနောက်ဘက် စောင်းတန်း တည်ဆောက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတောင်ရိုး  ဆွမ်းဦးပုညရှင် စေတီတော်ကြီး သို့ရောက်ရှိပြီး ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပုညရှင်သာသနာ့ဗိမ္မာန်တော်ကြီးအား သတ်မှတ်စံချိန် စံညွှန်းများ နှင့်အညီ အချိန်မီပြိးစီးအောင် တည်ဆောက်ရေး ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူးနိုင်ရေးအတွက် စေတီတော်ဝန်းကျင်အား သပ်ယပ်သန့်ရှင်းအောင် ဆောင်ရွက်နိုင်ရေး မှာကြားပြီး တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဘုရားဖူး ပြည်သူများလာရောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနိုင်းဖြည့်ဆည်းပေးခဲ့ပြီး သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နေ မှုအခြေအနေများကို တာဝန်ရှိသူများနှင့် လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)