သဲကုန်း​မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

သဲကုန်း သြဂုတ် ၂၈

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ(Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာရေးအဆင့်အတန်းမြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းရွာလှသို့ သွားရောက်ပြီး ကျောင်းကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးအသိပညာ​ပေး​ခြင်း၊ ဆေးဝါးများပံ့ပိုး​ပေး​ခြင်း၊ သံချဆေးများတိုက်​ကျွေး​ခြင်း၊ ကိုယ်အ​လေးချိန်နှင့် အရပ်တိုင်းတာခြင်းများဆောင်ရွက်ခဲ့ကြပြီး  ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ကျောင်းသား၊ ကျောင်းသူများအား  ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာ ဆရာ/ဆရာမများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်​ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုကျော်(ပြန်/ဆက်)