သဲကုန်း ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ယမန်နေ့က ပန်းခင်းစီမံချက်(၂)ဖြင့် အခြေခံပညာအထက်တန်းကျောင်းရွာလှရှိ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သဲကုန်းမြို့နယ်ရုံးမှ ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်(၂)ဖြင့် အခြေခံပညာအထက်တန်းကျောင်းရွာလှရှိ အသက်(၁၈)နှစ်ပြည့်လာမည့်သူများ၊ အသက်(၁၆)နှင့်(၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ကျောင်းသား၊ ကျောင်းသူ(၄၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းများကျန်ရှိမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူး ရုံးမှသိရသည်။
ကိုကျော် (ပြန်/ဆက်)