ကြံခင်း ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စုတွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ချင်းမြောင် (အ ထ က)ကျောင်း ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးကအဖွင့်အမှာ စကားပြောရာတွင် အနာဂတ်လူငယ်၊ လူရွယ်များ တိုင်းပြည်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ရာတွင် အသိပညာ၊ အတတ်ပညာ ဗဟုသုတများဖြင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရေး ကြိုးစားကြရန် ပြောကြားပြီးနောက်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိဒေါ်ခင်မိုးမြင့်နှင့် ချင်းမြောင် (အ.ထ.က) ကျောင်းအုပ် ဆရာမကြီးဒေါ်အေးအေးမင်းတို့နှင့်အတူ (G-11)ကျောင်းသား/သူများဖြစ်သော မောင်ဇေညီညီထက်က "လူငယ်နှင့်အားကစား"ခေါင်းစဉ်နှင့် မမြတ်ထူးထူးနိုင်က "လူငယ်နှင့် စာရိတ္တ" ခေါင်းစဉ်များဖြင့်လည်းကောင်း၊ (G-10)ကျောင်းသား/သူများဖြစ်သော မောင်စိုင်းကောင်းခန့်က "လူငယ်နှင့်စာဖတ်ခြင်း"ခေါင်းစဉ်နှင့် မဖူးမြတ်ချယ်က "လူငယ်နှင့် ယဉ်ကျေးမှု"ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။
ထို့နောက်အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား/သူများက ခေါင်းစဉ်ပါ အကြောင်းအရာ ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး သိရှိလိုသောအချက်များအား မေးမြန်း ကြရာ လူငယ်စကားဝိုင်းဆွေးနွေးသော ကျောင်းသား/သူများက ပြန်လည်ဖြေကြား ပေးခဲ့ပြီး၊ ချင်းမြောင်(အ.ထ.က) ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက လူငယ်စကား ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့ဝင်များ၊ ချင်းမြောင်(အ ထ က)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၅၃၀)ဦးတက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)