သရက် ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမ၌ ဩဂုတ်လ(၂၆)ရက် နံနက်(၁၀)နာရီက စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club အဖွဲ့နှင့် အ.ထ.က(ခွဲ) လ-၃ ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ပါသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသာ/ကျောင်းသူများအနေဖြင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိရေး၊ မိမိဖတ်ရှုထားသည့် စာအုပ်ထဲကရရှိသည့် အတွေးအမြင်များကို ပြန်လည်မျှဝေတတ်သည့် အလေ့အထများရရှိပြီး နှုတ်မှုစွမ်းရည်တိုးတက်လာစေရန် ရသစာပေကို နားလည်ခံစားတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ခြင်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး Book Club(ဥက္ကဋ္ဌ) ဦးအောင်ကျော်စိုးက လူငယ်တွေမှာ စူစမ်းလိုစိတ်ရှိကြ၍ ယခုလို စာဖတ်ဝိုင်းများမှ အတွေးခေါ်သစ်များရရှိနိုင်ကြောင်း နိုင်ငံကျော်၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဟာ လူငယ်ဘဝမှစတင်တာဖြစ်လို့ ငယ်ရွယ်စဉ်မှာ လေ့လာသင်ယူတတ်တဲ့ အလေ့အထကို မွေးမြူကြရန် ဆွေးနွေးပေးခဲ့သည်။
ထို့နောက် မောင်မင်းသိမ်း(သရက်)က ဆင်းရဲတယ်ချမ်းသာတယ်၊ ပညာရေးအစ စာအုပ်များဖြင့် အစပြုပါ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး Grade-10 ကျောင်းသူ မနွေးအိမ့်ခင်က လူငယ်နှင့်အမြင် ခေါင်းစဉ်၊ Grade -11 ကျောင်းသား မောင်မြတ်ထူးခန့်က ရှတ်စိတ်ကြောက်စိတ်နဲ့အောင်စိတ် ခေါင်းစဉ်၊ Grade-11 ကျောင်းသူ မခင်မြတ်နိုးက လူငယ်နှင့်စူးစမ်းလေ့လာမှုများ၊ Grade -10 ကျောင်းသား မောင်သူထူးအေင်က လူမျိုးမြင့်ဖို့ စာဖတ်စို့ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင် ဦးမြင့်ဆွေက မှားမှာမကြောက်ပါနဲ့ အောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့်အမြင်များ ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ မိမိတို့ဖတ်မှတ်ထားသမျှကို ကျောင်းသား/ကျောင်းသူများက အတွေးအမြင်များဖလှယ်ပြီး စာဖတ်ခြင်းဖြင့် ဘဝတိုးတက်အောင်မြင်ရန် ကြိုးစားဖို့လိုကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)