ဝေါလေမြိုင်မြို့၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ဝေါလေမြိုင် ဩဂုတ် ၂၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ အ.ထ.က(ဝေါလေမြိုင်)ကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီ က သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဒေါ်လင်းလက်စိမ်းက အဖွင့်အမှာစကား ပြောကြားပြီး ကျန်းမာရေးဦးစီးဌာနမှ အထက်တန်းသူနာပြု ဆရာမ ဒေါ်အေးနန္ဒာမြင့်က သွေးလွန်တုပ်ကွေးရောဂါသည် အေဒီစ့်ခြင်မမှ ပေါက်ပွားခြင်းဖြစ်ကြောင်း၊ သွေးလွန်တုပ် ကွေးရောဂါသည် အပူပိုင်းနှင့် သမပိုင်းဒေသများတွင် အဖြစ်များကြောင်း၊ ခြင်များ မပေါက်ပွားအောင် ဖုံး၊ သွန်၊ လဲ စစ် နည်းလမ်းဖြင့် ကာကွယ်ရမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းဝေဦးက ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည့်အတွက် သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ကာကွယ်ကြရမည်ဖြစ်ကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား သွေလွန်တုပ်ကွေးရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နှင်းဝေဦး (ဝေါလေ)