တောင်ငူမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ငူ  သြဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေ းဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိလုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်း ကိစ္စများကို ပေါင်းစပ် ညှိနှိုင်းဆွေးနွေးကြသည်။

အဆိုပါ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကို တောင်ငူမြို့၌ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)