ပဲခူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ပဲခူး သြဂုတ်

ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ကျောင်းသား၊ကျောင်းသူများ အသိပညာနှင့်ဗဟုသုတများရရှိနိုင်စေရေး စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှု လေ့လာခြင်းဖြင့် အမှား၊ အမှန်ခွဲခြားတတ်ပြီး အသိပညာများ ရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ၊ ရသစာအုပ်များကို အခမဲ့ငှားရမ်း ပေးလျက်ရှိရာစာအုပ်များ လာရောက်ငှားရမ်း ဖတ်ရှုစေလိုကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ကျောင်းသူများမှ ပျော်ရွှင်စွာဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီး ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ် စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲသို့ ..က(ခွဲ)မြို့တွင်းကြီးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)