သရက် ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အမှတ်(၃)အခြေခံ ပညာအလယ်တန်းကျောင်း အထက(ခွဲ)တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် စားသုံးသူဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအုန်းမြင့်က စားသုံးသူကာကွယ်ရေး ဥပဒေ ပေါ်ပေါက်လာပုံနှင့် စာသုံးသူကာကွယ်ရေးဥပဒေအကြောင်း ပြောကြားရာတွင် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အာမခံမှုအပေါ် တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများ ဆွေးနွေးပေးခဲ့ပြီး ဒုတိယ ဦးစီးမှူး ဒေါ်ရီရီထွေက စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်စည်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများကို ပြောကြားပေးခဲ့သည်။
ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွဲယဉ်ဝင်းက စာသုံးသူအခွင့်အရေး နျင့်တာဝန်များအကြောင်း ပြောကြားရာတွင် တံဆိပ်အမှတ်အသား၊ အမျိုးအမည် အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ၏အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ (သို့) ပြည်ပမှ ကုန်စည်များတင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာများနှင့် ပတ်သက်၍ ပြောကြားပေးခဲ့ပြီး ဒုကြီးကြပ်ရေးမှူး ဦးကျော်ရွှေက စားသုံရန်မသင့် အစားအသောက်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ ပြောကြားပေးခဲ့ကာ ကျောင်းအုပ်ဆရာကြီး ဦးကျော်သီဟက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ ယင်းနောက် ကျောင်းစာကြည့်တိုက်တွင် ထားရှိရန် စားသုံးသူကာကွယ်ရေး ဉပဒေစာအုပ်အား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)