စလင်း သြဂုတ် ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းမှ စျေးမရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ပြည်သူများ စားဝတ်နေရေး အဆင်ပြေစားသုံးနိုင်ကြစေရန် ရည်ရွယ်၍ စျေးနှုန်းချိုသာစွာဖြင့် ကာလပေါက်စျေး၏ ထက်ဝက်လျှော့ချ၍ မြန်မာနိုင်ဆန်ကုန် သည်များအသင်း စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များမှ ယနေ့နံနက် ၆ နာရီခွဲမှ စတင်ကာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း မကွေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းနိုင် ဦးဆောင်သော ဆန်စက် လုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆန်းလင်းမောင်တို့မှဦးဆောင်၍ မြို့နယ်အတွင်းရှိပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ကာလပေါက်စျေး၏ ထက်ဝက်လျှော့ချ၍ စျေးနှုန်းချိုသာစွာဖြင့် ဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်း ဖြင့်အိမ်ထောင်စု(၄၈၀)စာအတွက် စုပေါင်းရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရောင်းချရာသို့ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကူညီမှုစားသုံးသူရေးရာဦးစီး ဌာနဦးဆန်းလင်းမောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် လာရောက်ဝယ်ယူမှု တို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေကြောင်းနှင့် တန်ဖိုးသင့်ဆန်များကို အပတ်စဥ်ရောင်းချပေးမည်ဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးသန်းနိုင်ထံမှ သိရှိရသည်။
မောင်လွင်(စလင်း)