သာယာဝတီမြို့တွင် မြစ်မခမြစ်ကမ်းပြိုကျနေမှုကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

သာယာဝတီ     သြဂုတ်   ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သြဂုတ်လ ၂၄ ရက်နေ့က စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် မြစ်မခမြစ်ကမ်းပြိုကျမှုနေကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ်များအား ယမန်နေ့ နေ့လယ်၂ နာရီက ထောက်ပံ့ငွေနှင့်ပစ္စည်းများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခဲ့သည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ခြင်းကိုမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက မြစ်မခမြစ်ကမ်းပြိုကျမှုနေကြောင့် စံရွေးကျေးရွာအုပ်စု၊စံရွေးကျေးရွာမှ ကြိုတင်ဖျက်သိမ်းနေအိမ် (၉)လုံးအတွက် ပြောင်းရွှေ့စရိတ်(၉)သိန်းကျပ်၊ လူဦးရေ (၃၅)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ (၇၃,၅၀၀)ကျပ်၊ စုစုပေါင်း(၉၇၃,၅၀၀)ကျပ်တို့အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)