ကန်ကြီးထောင့်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် အခြေခံစာသင်ကျောင်းများသို့ စာအုပ်စာစာင်များ သွားရောက်ငှားရမ်းပေး

ကန်ကြီးထောင့်   ဩဂုတ်   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ကျောင်းသား၊ ကျောင်းသူများ၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က ကျောင်းသို့ သုတ၊ရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။

အဆိုပါ စာအုပ်စာစောင်များသွားရောက်ငှားရမ်း ပေးခဲ့ရာတွင် ငှားရမ်းစာအုပ်များအနဖြင့် ဝတ္ထု ၊ မဂ္ဂဇင်း ၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များစုံလင်စွာ ငှားရမ်းပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများမှ အသင်းဝင်ခြင်း၊စနစ်တကျစာငှားခြင်း လုပ်ငန်းများအား စနစ်တကျ ပူး‌ပေါင်းပါဝင်ဆာင်ရွက်ကာ ကျောင်းသား၊ကျောင်းသူများမှ စာအုပ်စာစာင်များအား ပျော်ရွှင်စွာ ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)