ပုသိမ်ခရိုင် စိုက်တိုးမြင့်ကော်မတီတာဝန်ရှိသူများ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစု/ချေးငွေရယူပြီး RS မှ CS မျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှု အ‌ခြေအနေအား ကြည့်ရှုစစ်ဆေး

သာပေါင်း ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်း ကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစု/ချေးငွေရယူပြီး RS မှ CS မျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှု အ‌ခြေအနေအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုသိမ်ခရိုင် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကို၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်စိုက်တိုးမြင့်ကော်မတီအတွင်းရေးမှူး ဦးဝင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ကျေးရွာစိုက်တိုးမြင့်ကော်မတီအဖွဲ့ဝင်တို့က ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီကျေးရွာ တောင်သူ ဦးကံဌေး၊ မရမ်းကုန်းကျေးရွာ တောင်သူ ဦးကျော်လေး၊ နှောကုန်းကျေးရွာ တောင်သူ ဦးကျော်ဝင်းနှင့် ဦးမျိုးသန့်တို့၏ လယ်မြေများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစု/ချေးငွေရယူပြီး RS မှ CS မျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှု၊ သုတေသန သစ်စိမ်းမြေသြဇာ၊ သစ်စိမ်းမြေသြဇာ+ဓာတ်မြေသြဇာ၊ သစ်စိမ်းမြေသြဇာ+ဓာတ်မြေသြဇာ+သဘာဝမြေသြဇာ စိုက်ပျိုးထားရှိမှု၊ နည်းလမ်း(၅)မျိုးဖြင့် စိုက်ပျိုးထားရှိမှု၊ တစ်ဧက(၁၀)တင်း ပိုမိုထွက်ရှိရေးအတွက် တောင်သူများဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး‌နောက် တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေဆုံဆွေးနွေးခဲ့ရာ ဒေသနေတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်မှာကြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း