နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များငှားရမ်းပေး

နတ်မောက် ဩဂုတ် ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ယနေ့နံနက်၁၀နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များငှားရမ်းပေးခဲ့သည်။

အဆိုပါကျောင်း၌ စာအုပ်စာစောင်များ ငှားရမ်းပေးရာ၌ ကျောင်းသား/သူများ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြစေရန် ရည်ရွယ်၍ ကျောင်းသား/သူများဖတ်ရှုလေ့လာနိုင်ရန် သုတ/ရသ မဂ္ဂဇင်းစသည့် စာအုပ်များငှားရမ်းပေးခဲ့ပြီး နှစ်ပတ်တစ်ကြိမ် စာအုပ်များ ပြန်လည်အပ်နှံခြင်းနှင့်အသစ်လဲလှယ်ထားရှိသော စာအုပ်များအား ထပ်မံငှားရမ်းပေးသွားမည်ဖြစ်သည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေအလွယ်တကူဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့်  ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများနှင့်စာသင်ကျောင်းများသို့ အရောက်သွားကာ လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့လာရောက်ငှားရမ်းဖတ်ရှုလေ့လာနိုင်ကြောင်း သိရသည်။  

လှဝင်း