ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ဟုမ္မလင်း ဩဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီမှ (၁၂ )နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်းခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံး ဆေးရုံအုပ်ကြီးဒေါက်တာ ရန်နိုင်ဆွေ၊ အရိုး အထူးကုဆရာဝန် ဒေါက်တာ မင်းဇော်အောင်၊ ဒေါက်တာနန်းဝင်းအောင်နှင့် ဆရာ/ဆရာမ များက သက်ကြီးရွယ်အိုးများအား  ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း (၁၂၅) ဦးအား အခမဲ့စောက်ရှောက်ကုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုအစီစဉ်တွင် ကျန်းမာရေးစစ်ဆေးမှု မခံယူမီ သက်ကြီးဘိုးဘွားများအား ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းကို ဦးတင်မောင်ဝင်း (HA1) က ဦးဆောင်လေ့ကျင့်​ပေးခဲ့ကြောင်းနှင့်  အာဟာရဒါနအ​နေဖြင့် ​ကြက်သားဆန်ပြုတ်တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)