မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကျင်းပ

အထက်မင်းလှ  ဩဂုတ် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် နှုတ်မှုစွမ်းရည်တိုးတက်စေရန် လူငယ်များအချင်းချင်း  ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် တက်ရောက် အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက Moderator အဖြစ် ဆောင်ရွက်ကာ Grade-9Grade-10 နှင့် Grade-11 ကျောင်းသား/ကျောင်းသူ (၆)ဦးက ဆွေးနွေးခဲ့ရာ Grade-11 ကျောင်းသား မောင်အောင်ပြည့်စုံက လူငယ်နှင့် အောင်မြင်ရေးပန်းတိုင် ခေါင်းစဉ်ဖြင့် ဆွေးနွေးရာမှာ ယနေ့ခေတ်ပြောင်းလဲတိုးတက်နေသော ကမ္ဘာကြီးမှာ အောင်မြင်သောသူတစ်ဦး ဖြစ်ရန် စာပေလေ့လာဖတ်ရှုရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ Grade-9 ကျောင်းသား မောင်ဝင်းမျိုးသန့်က လူငယ်နှင့်သတ္တိခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စိတ်ပိုင်းဆိုင်ရာသတ္တိနှင့် ရုပ်ပိုင်းဆိုင်ရာသတ္တိ နှစ်မျိုးရှိပြီး စိတ်ပိုင်းဆိုင်ရာသတ္တိမှာ ပိုမိုမြင့်မား၍ မိမိကိုယ်တိုင် လေ့ကျင့်မွေးမြူရမည်ဆိုသည့် အချက်များကို ဆွေးနွေးခဲ့ပြီး Grade-10 ကျောင်းသူမလင်းလဲ့ဝင်းက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးဆိုးကျိုးများနှင့်ပတ်သက်၍ ဆွေးနွေး‌ပေးခဲ့သည်။

ဆက်လက်၍ Grade-11 ကျောင်းသူ မချိုဇင်မြင့်မြတ်က လူငယ်နှင့်အချိန်၏ တန်ဖိုးခေါင်းစဉ်ဖြင့် လူငယ်တွေ အချိန်ကို မိမိဘဝအတွက် အကျိုးရှိအောင် အသုံးချသင့်ကြောင်း ဆိုသည့် အချက်များဖြင့် ဆွေးနွေးခဲ့ပြီး Grade-10 ကျောင်းသူ မသိမ့်သင်ဇာနိုင်က လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ရာ ဆိုရှယ်မီဒီယာကို အသုံးပြု၍ မိမိဘဝတိုးတက်အောင်ရှာဖွေရမည့် နည်းလမ်းများနှင့် ဆိုရှယ်မီဒီယာ၏ ဆိုးကျိုးများကို ရှောင်ရှား နိုင်ရန် ဆွေးနွေးပေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများက ကြည်ရှုခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)