ဝါးခယ်မ ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က အ.လ.က(ခွဲ) တုံးလှဲချောင်းကျောင်း၌ လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ရီရီလွင်မှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် "အသိပညာမြင့်မားဖို့စာဖတ်ကြပါစို့" ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးမှ ကုန်အညွှန်း အမှတ်အသားနှင့် ကုန်စည်ဝန်ဆောင်မှုများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေးမှ အားကစားအမျိုးအစားနှင့် အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများမှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူငယ်နှင့်မူးယစ်ဆေး စသည့်ခေါင်းစဉ်များဖြင့် လူငယ်စကားဝိုင်းကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၊ လူကုန်ကူခြင်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် မုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)