မြောင်းမြမြို့နယ် ပညာရေးကော်မတီ ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မြောင်းမြ    ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ပညာရေးကော်မတဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့ နေ့လယ်(၂)နာရီအချိန်က မြောင်းမြမြို့၊ မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းဝင်ရောက်နေရာယူကြပြီး နိုင်ငံတော်အလံအလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က အဖွင့်အမှာစကားပြောကြားရာတွင် ထူးချွန်သော ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာရေး၊ အားကစားပြိုင်ပွဲမှ ချစ်ကြည်ရင်းနှီးမှု ရရှိစေရေး၊ ကျောင်းများတွင် ပညာသင်ကြားရေးသာမက ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေး၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်မည့် ရလာဒ်ကောင်းများ ရရှိစေရေးတို့အတွက် ကျင်းပရခြင်းဖြစ်ပြီး အားကစားသမားများအနေဖြင့် အနိုင်အရှုံးကို ပဓာနမထားဘဲ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်၍ သန့်ရှင်းစွာရရှိသော အောင်မြင်မှုမျိုးကို ရရှိအောင် ကြိုးစားကြရန် အဓိကမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ယနေ့ ပထမပွဲစဉ်တွင် ယှဉ်ပြိင်ကြမည့် အ.ထ.က(၃)ကျောင်းနှင့် အ.ထ.က(တောင်ပေါ်စု)ကျောင်းတို့မှ အားကစားသမားများက ကွင်းအတွင်း နေရာယူပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။

ဘောလုံးပြိုင်ပွဲအား မြောင်းမြမြို့နယ် ပညာရေးကော်မတီ ဥက္ကဋ္ဌဦးနော်မိုင်လှကြည်က ကွင်းအတွင်း ဘောလုံးကန်သွင်း၍ ပြိုင်ပွဲစတင်ခဲ့သည်။

ယနေ့ဖွင့်ပွဲ အခမ်းအနားနှင့်ပြိုင်ပွဲကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ ကျောင်း/ကျောင်းသူများနှင့် ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် အ.ထ.က(တောင်ပေါ်စု )မှ ()ဂိုး  ဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ‌ ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို  မြောင်းမြမြို့နယ်အတွင်းရှိ ကျောင်းများမှ အသင်း(၂၂)သင်းနှင့် အားကစားသမား(၃၉၆)ဦးတို့ဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာလင်း(မြောင်းမြ)