စစ်ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကွန်ပျူတာအ​ခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပ

 ​ရွှေဘို ဩဂုတ်  

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ်(/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို မန်နေ့နံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားရာ ခရိုင်အတွင်းရှိ လူငယ်လူရွယ်များနှင့်ဒေသခံပြည်သူများ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာနှင့်အကျွမ်းတဝင်ဖြစ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ကွန်ပျူတာပညာရပ်ကို စနစ်တကျလေ့လာနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကျွမ်းကျင်တတ်မြောက်သည်အထိ သင်တန်းပို့ချချက်များကို ဂရုစိုက်မှတ်သားကြရန်ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးမြမွန်က တိုင်းဒေသကြီးအစိုးအဖွဲ့မှ​ ပံ့ပိုးပေးမှုများနှင့် သင်တန်းကြီးကြပ်မှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များမှ ပံ့ပိုးပေးမှုအခြေအနေများ သင်ကြားပို့ချပေးမည့်ဘာသာရပ်များ၊သင်တန်းစည်းကမ်းများစသည်တို့ကို​ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများ ကွန်ပျူတာသင်တန်းသင်ကြားနေမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါကွန်ပျူတာအခြေခံသင်တန်း(၁/၂၀၂၃)ကို သင်တန်းကာလ(၁)လကြာဖွင့်လှစ်၍ Typing ( Eng&Myanmar )၊ Microsoft( Excel,PowerPoint,Word ) ၊ရုံးစာ၊ဖိတ်စာ၊အထွေထွေသိမှတ်စရာ များ ၊ Internet e-mail အသုံးပြုနည်းစသည့်ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည် ဖြစ်ပြီး  သင်တန်းသား/သင်တန်းသူ(၂၃)ဦး တက်ရောက်သင်ကြားလျှက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်