ကလေး ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရံပုံငွေဖြင့် ကွန်ပျုတာအခြေခံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က သင်တန်းဖွင့်လှစ်ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကလေးခရိုင် ကွန်ပျုတာ သင်တန်းခန်းမ ပြင်ဆင်ထားရှိမှုများကို တာဝန်ရှိသူများမှ ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ကွန်ပျူတာသင်ကြားမှုများကို စတင်ခဲ့ပြီး အဆိုပါသင်တန်းကို ဩဂုတ်လ (၂၃) ရက်နေ့မှ စက်တင်ဘာလ (၂၂) ရက်နေ့အထိ နံနက် (၁၀) နာရီမှ (၁၂) နာရီအတွင်း သင်တန်းသား၊ သင်တန်းသူ (၁၀) ဦးကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)