အုတ်ဖို သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ အ.လ.ကကျက်ဆူတောတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်ကဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ချိုက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးမင်းထက်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။ ထို့နောက် ကျက်ဆူတောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်လှိုင်မှ ကျေးဇူးတင်စကားပြောကြာပြီး သင်တန်းကိုစတင်ခဲ့သည်။ သင်တန်းတွင် လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ပတ်တီးစီးခြင်း၊ ရှော့လက္ခဏာအကြောင်းနှင့်ရှေးဦးပြုစုခြင်းဆိုင်ရာဘာသာရပ်များကို ပို့ချပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းကာလကို (၂)ရက်ကြာသင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသားသင်တန်းသူ(၁၃၂) ဦးတက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။ ဖြစ်ကြောင်းသိရသည်။
အောင်သူ အုတ်ဖို