ကဝမြို့နယ်တွင် မဲစာရင်းကြည့်ရှုသူ(၁၆၁၀၆)ဦး ထိရှိ

ကဝ အောက်တိုဘာ ၁၅

ပဲခူတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်အမည် စာရင်းများကို သတ်မှတ်ပုံစံအတိုင်း အောက်တိုဘာ ၁ ရက်နေ့မှ (၁၄)ရက်နေ့အထိ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထား ကြေငြာထားရှိပြီး မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံ မှန်ကန်စေရန် နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆို မှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် ကပ်ထားပေးရာ မဲဆန္ဒရှင်များမှ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြရာ ယမန်နေ့ကအထိ ကြည့်ရှုသူ (၁၆၁၀၆)ဦးရှိကြောင်း သိရသည်။

ကဝမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၁၀၃)အုပ်စု၌ မဲရုံပေါင်း(၁၆၉)ရုံ ဖွင့်လှစ်သွားမည်ဖြစ်ရာ (၁၅၆၈၁၃)ဦးရှိပြီး မဲစာရင်း များ စနစ်တကျ ကပ်ထားကြေငြာထားမှုနှင့် ပြည့်စုံမှန်ကန်စေရန် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ်‌ဆောင်ရွက် လျက်ရှိသည်။

ကဝမြို့နယ်တွင် ယမန်နေ့အထိ မဲစာရင်းကပ်ထားမှုအား မဲဆန္ဒရှင်များမှ နေ့စဉ်လာရောက်ကြည့်ရှုသူ (၁၆၁၀၆)ဦးရှိကြောင်းနှင့် ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုသူ (၅၄၀)ဦး၊ ပုံစံ(၄) ဖြင့် မဲစာရင်းနှင့်စပ်လျဉ်းသော ကန့်ကွက်လွှာ (၁၅၇)ဦး၊ ပုံစံ(၄-ဂ)ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင် လွှာ (၂၂၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)