သဲကုန်း ဩဂုတ်၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခိရိုင် သဲကုန်းမြို့နယ် အ.ထ.က (ခွဲ) အင်ပင်လှ၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးဖွင့်ပွဲပြုလုပ် ကျင်းပခြင်းကို ယမန်နေ့က အဆိုပါကျောင်းရှိ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားကွင်းအတွင်း ချီတက်နေရာယူခြင်း အလေးပြုခြင်းနှင့် အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုလှိုင်က ယခုမိုးရာသီတွင် အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ အားကစားကို စိတ်ဝင်းစားခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ခြင်း၊ စည်းလုံးညီညွတ်ပျော်ရွှင်စွာ အနိုင်အရှုံး ပဓာနမထားဘဲ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားကြရန် ကျန်းမာကြံ့ခိုင်သော အားကစားသမားလူငယ်များ ပေါ်ထွန်းလာစေရေး ထူးချွန်သော ဘောလုံးအားကစားသမား ပေါ်ထွန်းလာရေး၊ အားကစားပြိုင်ပွဲမှ ချစ်ကြည်ရင်းနှီးမှုရရှိစေရေး စသည့်အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကျန်စစ်သားဘောလုံးအသင်းနှင့် အနော်ရထား ဘောလုံးအသင်းတို့ စတင်ယှဉ်ပြိုင် ကစားကြသည်။ အဆိုပါကျောင်းကောင်စီဥက္ကဋ္ဌ ဘောလုံးပြိုင်ပွဲတွင် အသင်းငါးသင်းမှ သြဂုတ်လ (၂၂)မှ (၂၆) ရက်နေ့အထိ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော်(ပြန်/ဆက်)