မင်းလှ ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးရာသီဆီထွက်သီးနှံများဖြစ်သည့် မိုးမြေပဲ၊ မိုးနှမ်းနှင့် မိုးနေကြာတို့ကို ယခင်နှစ်ထက်တိုးချဲ့၍ စုစုပေါင်း (၁၉၄၈) ဧကစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် မိုးရာသီဆီထွက်သီးနှံများကို မေလမှစ၍ စတင်စိုက်ပျိုးခဲ့ရာ မိုးမြေပဲ(၇၂၆)ဧက၊ မိုးနှမ်း (၁၂၀၁)ဧက၊ မိုးနေကြာ(၂၁)ဧက စုစုပေါင်း(၁၉၄၈)ဧကစိုက်ပျိုးနိုင်ခဲ့ရာ ယခုရိတ်သိမ်းချိန်တွင် အထွက်နှုန်းကောင်းမွန်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက်လာမည့် ဆောင်းသီးနှံတွင်လည်း လျာထားချက်ပြည့်မီကျော်လွန်ရေး၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ စိုက်စနစ်မှန်ကန်ရေးနှင့် သွင်းအားစုအပြည့် အဝသုံးစွဲနိုင်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးကြီကြပ်မှုကော်မတီမှ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)