ဒိုက်ဦးမြို့နယ်တွင် နှာခေါင်းစည်း Mask တပ်ဆင်ရေး Mask Campaign ဆောင်ရွက်

ဒိုက်ဦး  အောက်တိုဘာ ၁၅ 

    
ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ်တွင် နေအိမ်ပြင်ပထွက်ကာ လာသူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း ကိုယနေ့နံနက် ပိုင်းက ဒိုက်ဦးမြို့မ ဈေးကြီး ရှေ့တွင် mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ မြို့မဈေးအကျိုးဆောင်အဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် အားကာတို့ ပူးပေါင်းအင်အားဖြင့် ဒိုက်ဦးမြို့မဈေးကြီးရှေ့တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက် ကာလအတွင်း နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှ ဈေးအတွင်း ဝင်ရောက်ရန်အသိပညာပေး ဆောင်ရွက်ခြင်းနှင့် mask  နှင့် Handgel များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
သန်းသန်းဝင်း(ပြန်/ဆက်)