ဘုတ်ပြင်း ဩဂုတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး ၊ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း အခြေခံအိမ်ထောင်စုများမှပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အခြေခံစားကုန်များနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ဩဂုတ် ၂၂ နေ့က အ.ထ.က-ဘုတ်ပြင်းကျောင်းရှေ့တွင် ဘုတ်ပြင်းမြို့ တပ်နယ်မိသားစုများမှ ရောင်းချပေးခဲ့ ကြောင်းသိရသည်။
အဆိုပါစားသောက်ကုန်များကို ရောင်းချပေးရာတွင် ဆန် (၁) ပြည် (၂၂၀၀) ကျပ်၊ ဆီ (၁) ပိဿာ (၆၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက် (၁) ထုပ် (၁၀၀၀) ကျပ်၊ ကြက်သား (၁) ပိဿာ (၉၀၀၀) ကျပ်၊ ကြက်ဥ (၁) လုံး (၂၅၀) ကျပ်၊ ကန်စွန်းရွက် (၁) စည်း (၂၀၀) ကျပ်၊ ချဉ်ပေါင်ရွက် (၁) စည်း (၂၀၀) ကျပ်၊ ပဲတောင့်ရှည် (၁) စည်း (၂၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချနေမှုအား ဘုတ်ပြင်းမြို့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးဆက်အောင်၊ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)