အုတ်ဖိုမြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

အုတ်ဖို ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.ကအုတ်ဖို ဧရာခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဩဂုတ် ၂၂ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာလွင်က အဖွင့်အမှာစကား ပြောကြားပြီး လူမူဝန်ထမ်းဦးစီးဌာန သာယာဝတီခရိုင် လူမူဝန်ထမ်းရုံးမှ ဦးစီးမှူးဒေါ်မို့မို့အေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ထက်ထက်စမ်းက ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ ဥပဒေအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ရာ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းကြူမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊  ကျောင်းသားမိဘများတက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)