မြစ်ကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်များမှမိသားစုဝင်များအား ကွင်းဆင်းထောက်ပံ့

မအူပင်  ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြစ်ကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့်နေအိမ်များမှ မိသားစုဝင်များအား ကွင်းဆင်း ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်လ ၂၁ ရက်နေ့၊ မွန်းလွဲ (၂)နာရီက  ဆောင်ရွက်ခဲ့သည်။

ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုမှုကြောင့် မြစ်ကမ်းနှင့်နီးသော တောကျောင်းကျးရွာအုပ်စု၊ ကျောင်းတော်ကလေးကျေးရွာနှင့် နံကပ်ရိုးကျေးရွာတို့တွင် (၁၉.၈.၂၀၂၃)ရက်နေ့က ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၄)လုံး၊ အိမ်ထောင်စု(၁၄)စုမှ လူဦးရေ(၆၅)ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာ(၇)ရက်စာဖိုးရန်ပုံငွေ (၁၃၆,၅၀၀/-)ကျပ်၊ အိမ်ထောင်စုပစ္စည်းဖိုးရန်ပုံငွေ (၁,၄၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁,၅၃၆,၅၀၀/-)ကျပ်အား ပေးအပ်ထောက်ပံ့ခဲ့သည်။ အလားတူ ဘဝိုင်းကျေးရွာအုပ်စု၊ မြင်းကဒေါင်ကျေးရွာတွင် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရ သည့် နေအိမ် (၂)လုံးအားဆက်လက်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းထောက်ပံ့ရာသို့ ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူး ဦးဟန်လင်းထွဋ်နှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့‌ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)