သီတဂူတပ်အလယ်ကျောင်း၌ ​တိုင်းရင်းပညာဦးစီးဌာနမှ အခမဲ့ ကွင်းဆင်းကုသပေး

သဲကုန်း သြဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ နယ်လှည့်အခမဲ့ ဆေးကုသခြင်းလုပ်ငန်းကို  ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က သီတဂူတပ်အလယ်ကျောင်းသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေး​အေး​မော်က တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအကြောင်း ရှင်းလင်းဟောပြောလျှောက်ထားပြီး သံဃာတော် (၆၆)ပါးအား ရောဂါများ အခမဲ့စမ်းသပ် စစ်ဆေးပေးခြင်း၊ ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ​မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှ​ရွှေနှင့် အဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ သံဃာတော်များအား ဗလာစာအုပ်နှင့် ဘောပင်များလှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)