လဟယ်မြို့တွင် အပတ်စဉ် တနင်္ဂနွေဓမ္မစကူးလ်သင်တန်း စတင်ဖွင့်လှစ် သင်ကြား

လဟယ် ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုဌာနမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော (၅)ကြိမ်မြောက် အပတ်စဉ် တနင်္ဂနွေနေ့ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန် လဟယ်မြို့ သာသနပါလဓမ္မဗိမာန်တော်၌ ကျင်းပပါသည်။

ရှေးဦးစွာ နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး လဟယ်မြို့နယ် ဗဟိုသာသနာပြုခေါင်းဆောင် ဆရာတော် ဘဒ္ဒန္ဒ သုမနမှ ဆုံးမဩဝါဒစကား ချီးမြှင့်ပါသည်။ ထို့နောက် အတန်းအလိုက် ဓမ္မစကူးလ်သင်တန်းတက်ရောက်မည့် ကျောင်းသား/သူများအား မိမိအတန်းအလိုက် နေရာချထားပြီး သင်ခန်းစာများ စတင်သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အပတ်စဉ်တနင်္ဂနွေနေ့ ဓမ္မစကူးလ်သင်တန်းတွင် KG တန်းမှ Grade-8 တန်းအထိ သင်တန်းသား/သူ (၄၃၀) ဦးကို (၁၉) ပတ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)