ဝါးခယ်မ ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.ကရွှေလောင်းကျောင်းသို့ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစွမ်းထက်မှ ပညာရေးနှင့်ပတ်သက်၍ စိတ်ဓာတ်၊ စည်းကမ်းဆိုင်ရာအကြောင်းအရာများ၊ အောင်ချက်မြင့်မားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးဝေလင်းမှ သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေးကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဇော်နိုင်ဦးမှ ယာဥ်စည်းကမ်းလမ်းစည်းကမ်းကိစ္စရပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအားရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)