အင်္ဂပူမြို့နယ်တွင် အခွန်ပညာပေးဟောပြောပွဲပြုလုပ်

အင်္ဂပူ ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ပြည်တွင်းအခွန်ဦးစီးဌာနရုံးတွင် ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အခွန်ပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အခွန်ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးဦးအောင်သူရမှ လုပ်ငန်းရှင်များအား အခွန်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်မှုများအား ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အင်္ဂပူမြို့၊ မဲဇလီကုန်းမြို့နှင့် ထူးကြီးမြို့များမှ တည်ခိုခန်း၊ စားသောက်ဆိုင်၊ ဟမ်းဆက်နှင့်ဆက်စပ်ပစ္စည်းဆိုင်၊ ရွှေဆိုင်များမှ လုပ်ငန်းရှင်များတက်ရောက်ခဲ့ပြီး အလားတူအသိပညာပေးဟောပြောပွဲကို ကွင်းကောက်မြို့တွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)