ချောင်းသာ သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာပေဖတ်ရှုသည့်အလေ့အထများရရှိစေရန်အတွက် ရည်ရွယ်ပြီး ယမန်နေ့မွန်းလွဲ၁နာရီက အ.မ.က(၁၈၇)၌ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဦးဝင်းကျော်ကျော်က ဟောပြောပွဲများ ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် ဆိုးကျိုး၊ ဆောင်ရန် ရှောင်ရန်တို့ကို အကျယ်တဝံ့ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခြေခံညာမူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုနိုင်သည့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသပေးခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ဖတ်ရှုလိုသည့်စာအုပ်၊ စာစောင်များကို ငှားရမ်းပေးခဲ့ကြသည်။
ကျော်ကျော်(ပြန်/ဆက်)